ရွှေတောင် ဒီဇင်ဘာ၂၉
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းမှ အသင်းသူ/ အသင်းသားများက လမ်းဘေးဝဲယာတွင် အသုံးပြုပြီးသော စွန့်ပစ်mask များအား (၆)ရက်မြောက် လိုက်လံကောက်ယူ မီးရှို့ ဖျက်စီး ပစ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် ပြည်-ရန်ကုန်လမ်း ဆေးရုံလမ်း မီးပွိုင့်မှ ကျောင်းကုန်းအထိ လမ်းဘေး ဝဲယာရှိ သုံးစွဲပြီးသော စွန့်ပစ် mask (၁၀၃၀) ခုအား လိုက်လံကောက်ယူပြီး ပိုးသတ်ဆေးဖြန်းကာ စနစ်တကျ မီးရှို့ပစ်ခဲ့ကြ ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)