ကျွန်းလှမြို့နယ်တွင် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

ကျွန်းလှ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စိုက်ပျိုးသော ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ချောင်းရေတင်ပြီး ကန့်လန့်အပင် ၂၀၀၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုးနဲ့ လုပ်အားခအပါဝင် ငွေကျပ် တစ်သိန်းခွဲလောက် ကုန်ကျပါတယ်။ အခုအခါ ကန့်လန့်စိုက်ခင်းမှာ ကောက်ယူနေရပြီး ပေါ်ဦးပေါ်ဖျားဆိုတော့ သုံးညွှန့်ပါတစ်စည်းကို ငွေကျပ် ၅၀၀ ရောင်းရပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်” ဟု ရှမ်းစုကျေးရွာ ကန့်လန့်စိုက်ပျိုးသူ ဦးနိုင်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံစိုက်ပျိုးရန် ၅၇၇ ဧကလျာထားပြီး လက်ရှိအချိန်အထိ ၅၄၆ ဧက (၉၄ ဒသမ ၆၃) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ