ဗန်းမောက် ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးကျေးရွာအုပ်စုတွင် စမ်းသော်သာ အခွန်လွတ်စျေးရောင်းချ ဖွင့်လှစ်ပွဲကို အဆိုပါမုခ်ဦးရှေ့၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေး မင်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအခွန် လွတ်စျေး ဖွင့်လှစ်ရောင်းချရာတွင် စျေးအင်္ဂါရပ် များနှင့်အညီ ဆောင်ရွက်ထားရှိရမည့် စည်းကမ်းချက်များ၊ ကျေးရွာအုပ်စုအတွင်းရှိ စျေးသည်များ နှင့် ရွှေမှော်အတွင်းရှိစျေးသည်များအား စုစည်းရောင်းချနိုင်ရေး၊ အသား၊ ငါးတန်းများ၊ စားသောက် ကုန်တန်းများ၊ ပရိဘောဂဆိုင်များ သီးသန့်ခွဲခြားကာ ရောင်းချနိုင်ရေး အစရှိသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ကျေးရွာအခွန်လွတ်စျေး တည်ဆောက်ထားသည့် စျေးဆိုင်ခန်း များအား မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားရန်တို့ကို မြို့နယ်မှတာဝန်ရှိသူများက ဆွေးနွေး မှာကြားခဲ့ကြောင်း စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
ဗန်းမောက်မြို့နယ်၊ မံစီကြီးကျေးရွာအုပ်စုတွင် အခွန်လွတ်စျေးဆိုင်ခန်းများ တည်ဆောက်ရာတွင် မိမိဒေသအတွင်းမှာရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဓါတ်သတ္ထုတူးဖော်ရေးကုမ္ပဏီ များက မတည်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများက လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်းနှင့် အခွန်လွတ်စျေးဆိုင်ခန်းပေါင်း ၄၄ ခန်းရှိကြောင်း မံစီကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)