ခန္တီးမြို့တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲကောက်ယူ

ခန္တီး နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသည့် လဟယ်မြို့နယ်မှ မဲဆန္ဒရှင်အချုပ်သား(၂)ဦးအား ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ခန္တီးမြို့မရဲစခန်းရှိ အချုပ်ခန်းတွင်ပြုလုပ်ခဲ့သည်။

အဆိုပါကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်နေမှုများအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်