ပိုင်ကျုံ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တနင်းသရောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၃၂၀) သိန်းဖြင့် အရှည် ၂၀၀၀ပေ × အကျယ် ၁၅ပေ x ထုထည် ၆လက်မ ရှိပြီး လူထုဗဟိုပြုစီမံကိန်းမှ တာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး (၁၀၀)ရာခိုင်နှုန်းပြီးစီးပါကတနင်းသရော ကျေးရွာမှ အိမ်ထောင်စု(၉၉)စု၊ လူဦးရေ (၅၈၆)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)