မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ ဒီဇင်ဘာ ၂၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဒီဇင်ဘာ ၂၉ ရက် ၊ ယနေ့ နံနက် ၁၁ နာရီခွဲက ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေ အဖွဲ့အစည်း- PGMF (ပွင့်ဖြူမြို့နယ်)မှ မန်နေဂျာ ဒေါ်ဥမ္မာသင်း  ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ် အဆင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် ဒေသခံပြညည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာများ ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ပက်အပြည်ပြည်ဆိုင် ရာ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း -  PGMF (ပွင့်ဖြူမြို့နယ်)မှ မန်နေဂျာ ဒေါ်ဉမ္မာသင်း  ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က သွေးပေါင်ချိန်စက်(၂)လုံး ၊ အပူချိန်တိုင်းကိရိယာ(ဒေါက်တိုင်ပါ) (၂)ခု ၊ နှာခေါင်းစည်း(Face Mask) ၄၅ ဘူး ၊ တစ်ခါသုံးထမင်းဘူး(၂၂)ခု ၊ Pulse Ox meter (၅)ခု ၊ Power (AAA) ဓာတ်ခဲ (၃)ကဒ် ၊ Surgical Gown (၂၃)ခု ၊  သောက်ရေသန့် 1 Liter (ကဒ်)  ၁၀၀ ၊ လက်အိတ်ရှည် (၅၀) ခု ၊ Face Shield (၁၀) ခု စုစုပေါင်း တန်ဖိုးငွေကျပ် ၅၅၀၀၀၀ ခန့်ရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )