တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်

တမူး နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ(၂၆) ရက်နေ့နေ့လယ်(၁)နာရီအချိန်က ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းနှင့်    မြို့သစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စန္ဒာထွန်းတို့က ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ ကြေးနန်းစာရေးသားနည်း၊ လုပ်ငန်းစီမံချက်ရေးသားနည်း၊ အစည်းအဝေးမှတ်တမ်းရေးသားနည်းတို့ကို ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ တမူးခရိုင်နှင့် မြို့သစ်မြို့ရုံးတို့မှ ဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာလ(၂၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ(၂)ရက်ကြာ သင်ကြား‌ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာ