ကော့မှူး ဒီဇင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် လူစည် ကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အဖွဲ့များ ခွဲ၍ နှာခေါင်းစည်း Mask မတပ်ဆင် ဘဲသွားလာနေသူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများတွင် နှာခေါင်း စည်းမတပ် ဆင်ဘဲ ဖြတ်သန်း သွားလာပါက နှာခေါင်းစည်း (Mask) အခမဲ့တပ်ဆင် ပေးခြင်းနှင့် အသိပညာပေး မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက်ကနေ လူအများသို့ ကူးစက်နိုင်ပြီး ကူးစက်ရာတွင် ဖြစ်နိုင်ချေအများဆုံးသည် အသက်ရှူလမ်းကြောင်း ကို တိုက်ရိုက်ရောက်သည့် နှာခေါင်း၊ ပါးစပ်တို့အား ကာကွယ်သည့် အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်နေ့စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက် နေကြောင်း သိရသည်။
ကျော်သူရ ကော့မှူး