ရွှေဘိုမြို အ.ထ.က(၅)၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်း ကျင်းပ

ရွှေဘို နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတများတိုးတက်လာစေရန်နှင့် လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီချိန်က  အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်း ဦးဆောင်၍ လူငယ်စကားဝိုင်းပြုလုပ်ရာ Grade-12မှ မအေးစုပိုင်က လူငယ်နှင့်ယဥ်ကျေးမှု၊ မောင်ဥဿာဦးက လူငယ်နှင့်‌ခေါင်းဆောင်မှု၊ မောင်အုပ်စိုးခန့်ကလူငယ်နှင့်အတတ်ပညာ၊ မောင်ထက်အာကာက လူငယ်နှင့်နည်းပညာ၊ မနှင်းထက်ထက်လွင်က လူငယ်နှင့်မူးယစ်‌ဆေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်