မော်လိုက် ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး မူလရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ဒါဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က တင်ဒါနှင့် ပတ်သက်သည့် အကြံပြုလမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မော်လိုက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသူရမောင်မောင်မှ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ပစ္စည်းအရည်အသွေးများ ပြည့်မီရေး၊ သတ်မှတ်အချိန်အတွင်း ပစ္စည်းများ ရရှိနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တံတားတည်ဆောက်ရေး အဖွဲ့ (ရုံးချုပ်) မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးမိုးလတ်မှ တင်ဒါနှင့် ပတ်သက်၍ လိုအပ်သည်များအား ထပ်မံပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး မူလရန်ပုံငွေဖြင့် ဆောင် ရွက်မည့် လုပ်ငန်းသုံးပစ္စည်းများအတွက် တင်ဒါများအား တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စား လှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်သူများရှေ့တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ကြေညာခဲ့ကြသည်။
အဆိုပါ တင်ဒါခေါ်ယူရာတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် သံချောင်း၊ တောသစ်ခွဲသား နှင့် Mini Bored Pile စက်ငှားရမ်းခ စသည့် ပစ္စည်း(၃)မျိုးကို တင်ဒါခေါ်ယူခဲ့ရာ လုပ်ငန်းရှင်(၃၁)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး