ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးမှ ဆရာ/ဆရာမများအတွက် ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းသင်တန်းများနှင့် လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်

ညောင်လေးပင်ဒီဇင်ဘာ၂၉


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးတွင် ဒီဇင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းက    ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းသင်တန်းများနှင့် E-mail အသုံးပြုဆောင်ရွက် ရမည့် လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ ၏ E-mail လိပ်စာများ    ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင် E-mail လိပ်စာများနှင့် ဖုန်းနံပတ်များအား မြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ကာ E-mail လိပ်စာမရှိသော ဆရာ၊ ဆရာမများအား မြို့နယ်ပညာရေးမှူးရုံးရှိ တာဝန်ရှိသူများက E-mail အကောင့်အသစ် ဖွင့်ပေးခြင်း E-mail အသုံးပြုနည်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။

ညောင်လေးပင်မြို့နယ်တွင် ကျောင်းပေါင်း(၁၇၇)ကျောင်းတွင် အထက်တန်းပြဆရာ၊ ဆရာမ   (၁၉၀)ကျော်၊ အလယ်တန်းပြဆရာ၊ ဆရာမ ၆၀၀ ကျော်နှင့် မူလတန်းပြဆရာ၊ ဆရာမ (၅၀၀) ကျော်ရှိပြီး လက်ရှိတွင် အလယ်တန်းပြ ဆရာ၊ ဆရာမ ၆၀၀ ကျော်၏  ကိုယ်ပိုင် E-mail လိပ်စာနှင့် ဖုန်းနံပတ်များ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)