ပြည် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း (အွန်လိုင်း) အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်စား ဦးစီးအရာရှိ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အစည်း အဝေးများ ကျင်းပ နိုင်မှု၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဥပဒေဆိုင်ရာ အသိပညာ ပေးနှင့် မူကြိုကျောင်းလျှောက်ထားမှုဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှု အကြောင်းများနှင့် ထောက်ပံ့ပေးမှုအနေဖြင့် ပုံမှန်ထောက်ပံ့မှုနဲ့ ကိုဗစ်ကာလအတွင်း ထောက်ပံ့မှုများရှိပြီး ပြည်ခရိုင်အတွင်း လိင်အကြမ်းဖက်ခံရသည့် ကလေးငယ် (၇)ဦးကို ထောက်ပံ့ပေးလျက်ရှိ သည့် အခြေအနေအကြောင်း၊ ပုဂ္ဂလိက မူကြို ကျောင်းများ မှတ်ပုံတင် ရာတွင် လိုအပ်သည့် အချက်များအကြောင်း၊ Helpline ဖွင့်လှစ်ဆောင်ရွက်မှုများနှင့် ရပ်ရွာ မှာ ကာကွယ်မှု လိုအပ် နေသော ကလေးများအား သင့်တော်ရာသင်တန်းကျောင်းများသို့ ပို့ဆောင် ပေးလျက်ရှိ သည့် အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်သော ပြည်ခရိုင် (၆)မြို့နယ်မှ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက သိရှိလို သည် များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအွန်လိုင်းအစည်းဝေးသို့ ပြည်ခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ၊ ပြည်ခရိုင်(၆)မြို့နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လေ့လာသူများအပါအဝင် စုစုပေါင်း (၂၁)ဦး တက်ရောက်ဆွေးနွေးကြကြောင်း ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)