ကလေး နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (၂၇-၁၁-၂၀၂၅) ရက်စွဲပါအမိန့်အမှတ် ( ၁၁/၂၀၂၅ )၊ ကျင့် ၄၀၁/၁ အရ အကျဥ်းသား အမျိုးသမီး (၅) ဦး လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအကျဥ်းဦးစီးဌာန၊ ဇလပ်ဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးစောမြင့်တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဉ်းသူများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးဝင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိသည်။
ခရိုင်(ပြန်/ဆက်)