အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ စဉ့်ကူးချောင်းဂေါင်းတမံနှင့် မင်းလှဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ(၂၁၀,၀၀၀)စိုက်ထည့်

အုတ်ဖို ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စဉ့်ကူး ချောင်းဂေါင်း တမံနှင့် မင်းလှဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၁၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာ ထံမှသိရသည်

အဆိုပါ ငါးသားပေါက်မျိုးစိုက်ထည့်ရာတွင်  အုတ်ဖိုမြို့နယ်၊ စဉ့်ကူးချောင်းဂေါင်း တမံအတွင်း သို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၅၀,၀၀၀) နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀,၀၀၀) ၊ မင်းလှဆည်အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၆၀,၀၀၀) နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀,၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၁၀,၀၀၀) စိုက်ထည့်ခဲ့ရာ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဖြိုးဝေလင်းနှင့် ဝန်ထမ်းများ၊ အုတ်ဖို မြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ  ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်း ပါဝင်၍ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)