ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သော Volunteer များအားကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) မှချီးမြှင့်ငွေများပေးအပ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး လျက်ရှိသော Volunteer များအားကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှပေးအပ်သော ချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သူနာပြု နှီးနွယ်သင်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အတွင်း၌ ရောဂါပိုးတွေ့လူ နာများနှင့်ထိစပ်သူများ၊ ဖျားနာသူများနှင့် အနံ့မရသူများအားထားရှိရန်ဖွင့်လှစ်ထားသည့် Community Based facility Quarantine Centre(၅)ခုတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိသော Volunteer (၅၂)ဦးအတွက် တစ်ဦးလျှင် ၇၂,၀၀၀ ကျပ်ဖြင့်ချီး မြှင့်ငွေ (၃,၇၄၄,၀၀၀/-)နှင့် ဒဂုံတက္ကသိုလ် တွင် ဖွင့်လှစ်ထားသော Facility Quarantine Centre တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသော Volunteer (၃၄)ဦးအတွက် တစ်ဦးလျှင် ၇၂,၀၀၀ ကျပ်ဖြင့်(၂,၄၄၈,၀၀၀/-) ကျပ်တို့အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊မြို့ နယ်စည်ပင်သာယာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လဲ့လဲ့ဝင်းနှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)