လှည်းကူးမြို့နယ်တွင် ယာယီပျံကျဈေးသည်များအား စနစ်တကျရောင်းချမှုရှိစေရန် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှည်းကူး ဒီဇင်ဘာ ၂၉

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်တော်သာ ရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျ ဈေးသည် များအား စနစ်တကျရောင်းချမှုရှိစေရန် နေ့စဉ် ညနေ(၃)နာရီချိန်မှ စတင် ကာ တာဝန်ရှိသူများ မှ စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်းရှိ အဆိုပါယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပျံကျဈေးသည် များအား စနစ်တကျရောင်းမှုရှိစေရန်၊ ဈေးရောင်း ဈေးဝယ် နေရာများတွင် လူစုလူဝေး မဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး(၆)ပေခွာနေပြီးမှ ဈေးဝယ်ကြစေရန်၊ လက်သန့်ဆေးရည်များဖြင့် လက်များကို မကြာခဏဆေးကြောသန့်စင်ရန် လိုက်လံ နှိုးဆော်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် နှင့် အညီ စနစ်တကျ ရောင်းချစေရန် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများအား နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း(Mask)များကို အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)