လှိုင်မြို့နယ် သီရိမင်္ဂလာစျေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်

ရန်ကုန်  ဒီဇင်ဘာ ၂၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထု လှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့နံနက်(၈) နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေးအတွင်း ကိုဗစ်-၁၉ ကော်မတီ ဝင်များကအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်း ကူးစက်မှုလျော့နည်း စေရေးနှင့် ပပျောက်စေရေးအတွက်ပြည်သူလူထုက ကာကွယ် ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီးအလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစုလူဝေးများပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့်နေရာများတွင် ဆောင် ရွက် ခဲ့ကြခြင်းဖြစ်သည်။           

၎င်းလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိ သည့် ဌာနဆိုင်ရာ များအားလုံးနှင့် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်ကာကွယ် တုံ့ပြန်ရေးကော်မတီဝင် များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ပညာပေးလုပ်ငန်းများအဖြစ် စျေးအတွင်း စျေးရောင်းသူဝယ်သူများ၊ မော်တော်ယာဉ်များနှင့် အလုပ်သမားများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၂၀၀၀)နှင့် မျက်နှာအကာ (Face Shield) (၂၀၀၀) ဝေငှပေးခြင်း၊လက်ကမ်းစာစောင် (၁၀၀၀) အားဖြန့်ဝေ အသိပညာပေးခြင်း နှင့် လူအများ လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ခြင်းဆိုင်ရာ အမူအကျင့် ကောင်းများကို လက်ကိုင်စပီကာများဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အလားတူလှုပ်ရှားမှုများကို လှိုင်မြို့နယ် အတွင်းရှိစျေးများ၊လူစည်ကားရာ နေရာများ၌ တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပြည်သူလူထုအ တွင်း အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာသည်အထိ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)