ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား

ရွှေတောင် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်လမ်း နွားမယံကျေးရွာအုပ်စု ဆင်မကြပ် လမ်းဆုံတွင် ယမန်နေ့ နံနက်(၁၁) နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်းလာသော ငွေဇင်ယော် မော်တော်ယာဉ်လိုင်း အောင်ကို မောင်းနှင် လာသည့် BGO_8D/-------- နံပါတ်ပါ အဖြူရောင် LIGHT  TRUCK ယာဉ်မှာ ဘရိတ်ချို့ယွင်း၍ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေသည့် ယာယီတဲအား ဝင်ရောက် တိုက်ခိုက်မိရာ အမိုးများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တင်မောင်ဝင်းအား ပွတ်တိုက်မိသဖြင့် ယာခြေနာကျင်(ပြင်ပလူနာ) ဒဏ်ရရှိသဖြင့် ရွှေတောင်ပြည်သူ့ ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းသူမှာ အရက်သေစာ သောက်စားထားခြင်းမရှိ၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးလျက် ရှိကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေအရ အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကိုကိုမင်း(ပြန်/ဆက်)