လှိုင် ဒီဇင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့ နံနက်(၈) နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေးအတွင်း ကိုဗစ်-၁၉ ကော်မတီဝင်များ က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသ တွင်း ကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေးများပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် နေရာများတွင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။
၎င်းလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများ အားလုံးနှင့် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် ကာကွယ်တုံ့ပြန်ရေးကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပညာပေးလုပ်ငန်းများအဖြစ် စျေးအတွင်း စျေးရောင်းသူဝယ်သူများ၊ မော်တော်ယာဉ်များနှင့်အလုပ် သမားများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၂၀၀၀)နှင့် မျက်နှာအကာ (Face Shield) (၂၀၀၀) ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်(၁၀၀၀)အား ဖြန့်ဝေအသိပညာပေးခြင်းနှင့် လူ အများ လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်စပီကာများဖြင့် အသိ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ လှုပ်ရှားမှုများကို လှိုင်မြို့နယ်အတွင်းရှိ စျေးများ၊ လူစည်ကားရာနေရာများ၌ တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပြည်သူလူထုအတွင်း အမူအကျင့်ကောင်းများ အလေ့အထဖြစ်လာသည်အထိ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)