လှည်းကူးမြို့နယ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် Quarantine ဝင်နေသူများအနက်မှ ရောဂါပိုး တွေ့ရှိသူ(၂)ဦးအား ဝေဘာဂီဆေးရုံသို့ပို့ဆောင်

လှည်းကူး ဩဂုတ် ၅ 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် Quarantine ဝင်နေသူများ အနက်မှ ရောဂါပိုးတွေ့ရှိသူ(၂)ဦးအား သြဂုတ်(၃)ရက် ည(၉)နာရီ (၅၅)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ Quarantine(၂၁)ရက်ခံယူရန် ဇူလိုင်(၂၇) ရက်နေ့တွင် ကာတာနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ကျား(၇၁)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း (၁၀၁)ဦးတို့ ပို့ဆောင် ထားရှိရာမှ ၎င်းတို့အား နှာခေါင်း တို့ဖတ်/ အာခေါင်တို့ဖတ် ရယူစစ်ဆေးမှုပြုလုပ်ခဲ့ရာ သြဂုတ်လ(၃)ရက် ည(၈) နာရီ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဓာတ်ခွဲစစ်ဆေးမှု သတင်းထုတ် ပြန်ချက်အရ Case-354 ကျား (၂၁)နှစ် နှင့် Case-355 မ(၃၀)နှစ် ပဲခူးတိုင်းဒေသကြီးနေသူ(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့သဖြင့် ၎င်းတို့(၂)ဦးအား မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် Quarantine (၂၁)ရက်ခံယူနေသူ ကျား(၁၉၀) ဦး၊ မ(၅၆)ဦး၊ စုစုပေါင်း(၂၄၆)ဦး ကျန်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)