လှိုင်မြို့နယ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်း၊ ဖြူးမဟာစည် ရိပ်သာဘေးတွင် အော်ဂဲနစ်စျေးတန်း ပြန်လည်ဖွင့်လှစ်​ရောင်းချလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ၅ ရပ်ကွက်​ အေးရိပ်မွန်(၅)လမ်း၌ ယခင်က ကြာသပတေးနေ့များတွင် ဖွင့်လှစ်​ရောင်းချခဲ့သော အော်ဂဲနစ်စျေးတန်းအား ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွားမှုများပြား​နေချိန်များတွင် ​ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ဒီဇင်ဘာလ ၂၇ ရက်​နေ့မှ စတင်၍ ဖွင့်လှစ်​ရောင်းချခဲ့​ကြောင်း သိရသည်။

အဆိုပါ​အော်ဂဲနစ်​စျေးတန်းသည် လှိုင်မြို့နယ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်း၊ ဖြူးမဟာ စည်ရိပ်သာ ဘေးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် (၆)နာရီခွဲမှ (၁၁)နာရီအထိ ကျန်းမာ​​ရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်​ရောင်းချ ပေးသွားမည်ဖြစ်သည်။

စျေးဆိုင်များ၌ အော်ဂဲနစ်၊ ဓာတုလွတ်၊ သဘာဝ၊ GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက်များ၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ သင်္ဘောသီး စသော လတ်ဆတ်သည့် အသီးအနှံများ၊ သဘာဝ စားသောက်ကုန်စ္စည်းများ၊ သဘာဝလူသုံးကုန်ပစ္စည်းများကို ပြည်သူများ​စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင် ပြီး ကျန်းမာ​ရေးနှင့်အညီ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ကြရန် ပြန်လည်​ရောင်းချ​ပေးခြင်းဖြစ်ကြောင်း​စျေး​ရောင်းချသူများထံမှ ကြားသိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)