ကျောက်တံတား ဒီဇင်ဘာ ၃၀
ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centre (၃၈ လမ်းဓမ္မာရုံ) တွင် ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးဝင်းနိုင်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုးလင်းထူးနှင့် မြို့နယ်ကိုဗစ်ကော်မတီ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ပေးခဲ့ကြသူ စေတနာ့ ဝန်ထမ်း(၁၆)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ