မရမ်းကုန်း ဒီဇင်ဘာ ၃၀
မြို့နယ်ဖွံ့ဖြိုးတိုးတက်သာယာလှပစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်များဖြစ်လာ စေရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်း၊ ရေမြောင်း၊ လျှပ်စစ်နှင့် အခြားဦးစားပေးလုပ်ငန်းများ စသည့်မြေပြင်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)