ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ​ဆောင်ရွက်

ကြည့်မြင်တိုင် ဒီဇင်ဘာ ၃၀

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေးနှင့် ထီးတန်းလမ်းမ တစ်လျှောက်၊ သီတာရပ်ကွက်ထိ ပျံကျ​စျေး​ရောင်းချရာ​နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာ ရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ထီးတန်းစျေး​တာဝန်ခံတို့ပါဝင်​သော အဖွဲ့များမှ ပူး​ပေါင်း ၍ ရပ်ကွက်ဈေးအတွင်း ရောင်းသူ၊ ဝယ်သူ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရမည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။ ထိုသို့ အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်​ပေးခြင်းဖြင့် စျေးအတွင်း လှုပ်ရှားသွားလာ​နေကြသည့် ပြည်သူများမှ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးဆိုင်ရာ အသိပညာများ သိရှိပြီး လိုက်နာ​ဆောင်ရွက်ခြင်း ဖြင့် ကိုဗစ်-၁၉ ​ရောဂါကို ကာကွယ်နိုင်မည်ဖြစ်​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စျေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးဆိုင်ရာ အသိပညာ​ပေးခြင်းများကို ဆက်လက်​ဆောင်ရွက် သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)