ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီအသစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်

ပြည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည် ရွေးချယ်ရာတွင် ကြီးကြပ်စိစစ်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ပေါင်းတလည် မြို့နှင့် ဝက်ထီးကန်အပါအဝင် ပြည်မြို့ပေါ်ရပ်ကွက်ကြီး(၁၄)ခုတို့မှ ရပ်မိရပ်ဖ စုစုပေါင်း (၃၁)ဦးတို့အား ဆန္ဒမဲလက်မှတ်များ ထုတ်ပေး သည်။

ထို့နောက် အဆိုပါရပ်မိရပ်ဖ(၃၁)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာ မြို့နယ်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ကိုယ်စားလှယ်အမည်ကို ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြပြီး ရွေးချယ်ခံ ကိုယ်စားလှယ်များအနက် မဲအများဆုံးရရှိသော ရွာဘဲရပ်ကွက်မှ ရပ်မိရပ်ဖ ဦးစိုးညွန့်ကို မြို့နယ် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယမဲအများဆုံးရရှိသော ရွှေကူရပ်ကွက်မှ ရပ်မိရပ်ဖ ဦးအောင်မြင့်နှင့် တတိယမဲအများဆုံးရရှိသော ခေတ္တရာ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးကြည်နိုင်တို့ကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ရွေးချယ်မှုရလဒ် အပေါ် မူတည်၍ ပြည်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက တက်ရောက်လာသ များရှေ့မှောက်၌ အတည်ပြုမှတ်တမ်းတင်ကာ စတုတ္ထမဲ အများဆုံးရရှိသူ (၃)ဦးကိုလည်း မှတ်တမ်းတင်ထားရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)