ဝေါမြို့၌ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်လုံခြုံရေး အတွက် ဝေါမြို့စည်ပင်သာယာ မြို့မဈေးကြီး တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဝေါမြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းကို ဝေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းနှင့်  သန္ဓေ တပ်ဖွဲ့ဝင်များ၊ စျေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် အသက်အိုးအိမ်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ နှင့် ဌာနဆိုင်ရာများ စျေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)