မုံရွာ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ဒီဇင်ဘာလ ၂၉ရက်နေ့က ညောင်ဖြူပင်ကျေးရွာ(IPM) စံပြစိုက်ခင်းအား ကွင်းဆင်းရာ တွင် ဖောငမြောင်တောင် အနည်းငယ်တွေ့ရှိရကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်က တောင်သူများအား ဖောငမြောင်၏ ဘဝစက်ဝန်းနှင့် ဖျက်ဆီးမှု လက္ခဏာများကို ရှင်းလင်းဆွေးနွေးပြီး ကာကွယ်နှိမ်နင်းမှုအနေဖြင့် သဘာဝပိုးနှင်ဆေးများ ကိုသာ သုံးစွဲရန်၊ စီးပွားရေးထိခိုက်သည့် အဆင့်(ETL) ရောက်မှသာ ဓာတုဆေးအသုံးပြုရန် ပညာပေးဆွေးနွေးခဲ့ပြီး IPM စိုက်ခင်းတွင် Yellow Stickers များ ချိတ်ဆွဲထားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ကျွန်းရွာသစ်ကျေးရွာ ဆောင်းမြေပဲ(IPM) စံပြစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှု ကြိုတင်ကာကွယ်ရန်အတွက် သဘာဝပိုးနှင်ဆေးနှင့် ဓာတုဆေးများအား အလှည့်ကျ သုံးစွဲရန်၊ စွယ်ချချိန်တွင် အစေ့အဆန်အောင်မြင်စေရန်အတွက် ဘောင်တင်ပြီး ဂျစ်ပဆန်မြေဩဇာထည့်သွင်းရန် တောင်သူများအား ပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
စိုးစိုးဝင်း(ခရိုင်ပြန်/ဆက်)