သရက် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မီးလန့်မှု၊ မတော်တဆမီးလောင်မှုများဖြစ်ပွားလာပါက မီးငြိမ်းသတ်မှုများ အဆင်ပြေလွယ်ကူစေရေးအတွက် မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိ နေသောလူများရှိပါက အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသခြင်း တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သရက်မြို့စည်ပင် သာယာဈေးအတွင်းနှင့် ဈေးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက နိုင်ငံတော်အတွင်း အဆင့်မြင့်အဆောက်အအုံများ တိုးတက်ဆောင်ရွက်လျက်ရှိရာ အဆောက် အအုံများသည် Steel Structure များဖြစ်လာခြင်း၊ လမ်းကျဉ်းသည့်နေရာများတွင် မီးသတ်ယာဉ် များနေရာယူငြိမ်းသတ်နိုင်ရန်နှင့် ဝင်/ထွက်သွားလာနိုင်ရန်ခက်ခဲလာခြင်း မတော်တဆမီးလောင်မှု ဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများကြုံလာနိုင်ခြင်း၊ မီးလောင်ပြင်ရေပြတ်တောက်မှုမရှိစေရေးတို့ အတွက် ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုဆောင်ရွက် ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအား မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်သရုပ် ပြခြင်း၊ မြို့မဈေးကြီးအား မီးသတ်ရေယာဉ်ဖြင့် ရေဖျန်းပက်သရုပ်ပြခြင်းများကို ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)