မကွေး ဒီဇင်ဘာ၃ ၀
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ဒီဇင်ဘာ လ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၂၆)ဦး ထပ်တိုးတွေ့ရှိကာ တိုင်းဒေသကြီး အတွင်း အတည်ပြု လူနာပေါင်း(၂၅၀၅)ဦးထိ ရှိလာကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို၊ ပိုးတွေ့ရှိမှုကလည်း ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ(၂၆)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့လူနာတွေက မကွေးက(၇)ဦး၊ အောင်လံက(၅)ဦး၊ပခုက္ကူ(၄)ဦး၊စလင်း၊ချောက်နဲ့ နတ်မောက်က (၂)ဦးစီနဲ့ ရေနံချောင်း၊ မြို့သစ်၊ မြိုင်နဲ့ သရက်က(၁)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက မကွေး(၆)ဦး၊ အောင်လံ(၃)ဦး၊ စလင်းက(၁)ဦး၊မြို့သစ်(၁)ဦးနဲ့ မြိုင်(၁)ဦးတို့က ပိုးတွေ့အတည်ပြုလူနာ နဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေပါ၊ အနံ့ပျောက်လက္ခဏာ ပြလူနာတွေက မကွေး(၁)ဦး၊ အောင်လံ(၁)ဦး၊ ချောက်(၁)ဦးနဲ့ နတ်မောက်(၁)ဦးတို့ဖြစ်ပါတယ်၊ ပခုက္ကူက(၂)ဦးနဲ့ ချောက်က(၁)ဦးတို့က ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ပြန် (Quarantine Centre)တွေကဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၂၅၀၅)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း(၂၅၀၅)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံ ယူနေသူ(၃၃၆)ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၁၆၃)ဦးရှိကာ သေဆုံးသူ ကတော့(၆)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်း များ အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)