ပဲခူး ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဆင်ရွာကျေးရွာ၌ တည်ဆောက်ထားသည့် ဆေးရုံသစ် ပြီးစီးမှု အခြေအနေများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွေး၊ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် နှင့်အင်ဂျင်နီယာ ၂ ဦး၊ မြို့နယ် ဆောက်လုပ်ရေး ကြီးကြပ်အဖွဲ့မှ SAE တို့ က ယမန်နေ့ နံနက်ပိုင်းက ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့်ထူးခြားစံချိန်ဦးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာ၊ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှုနှင့် ၂၀၁၉-၂၀၂၀ခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် RayalDAN ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သော မြစ်ကျိုး တိုက်နယ် ဆေးရုံပြင်ဆင်တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)