သံတောင်ကြီးမြို့ ၊ အမှတ်(၃)ရပ်ကွက် ၊ လိပ်သိုလမ်းတွင်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

သံတောင်ကြီး ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြိုနယ်တွင်  လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စေရန် ၊ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် ၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကျေးရွာအတွင်း နှင့် မြို့ပေါ်ရပ်ကွက်များတွင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် လိပ်သိုလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ခွင့်ပြုငွေကျပ်(၃၂)သန်းဖြင့် အရှည်(၁၀၀၀)ပေ ၊ အကျယ်(၁၂)ပေ နှင့် ထု (၆)လက်မကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနှင့် U Nay  Aung (UNA) ကုမ္ပဏီ မှ တာဝန်ခံ အင်ဂျင်နီယာ ဦးဂျက်ကော့ဂျက်ဆင်က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်း( ၅၀ ) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ခံ အင်ဂျင်နီယာဦးကံချား ထံကသိရသည်။

မြို့နယ် ပြန်/ဆက်