မုံရွာ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁ ရက်၊ မွန်းလွဲပိုင်းတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ “ဟွေထိုက်” ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ် နာရီ သန်းပေါင်းထုတ်လုပ်နိုင်မည့် “ဟွေထိုက်” အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး၊ စီမံကိန်းတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက်တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများလုပ်ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ် ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့ကဒေသဆိုင်ရာအချက်အလက်များနှင့် မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအခြေအနေများနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက မိမိတို့ဌာနများအလိုက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ဒေသခံတောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ကော်ဖီပျိုးပင်များ၊ ထောပတ်ပျိုးပင်များနှင့် မက္ကဒေးမီးယားပျိုးပင်များ အားပေးအပ်ခဲ့ကြပြီး ခရိုင်/မြို့နယ် ဒေသအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာစာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တာဝန်ရှိသူများထံ ငွေကျပ် -၁၀ သိန်းစီအား အသီးသီး ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များနှင့်မြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ် ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအား တာဝန်ရှိ သူများနှင့်အတူပူးပေါင်း၍ အလေးထားဆောင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နာဂ ဒေသအတွင်းမှီတင်းနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိဒေသအတွင်းရှိ ပြည်သူများ စားရေ ရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိမြို့အား အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက်အမှိုက်များစနစ်တကျစွန့်ပစ်သွားကြရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေး ကြုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်း ရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းအထူးအဖွဲ့-၁၉ မှ တာဝန်ယူဆောင်ရွက်နေသည့် ခန္တှီး-ဆင်သေ-လဟယ်လမ်းပိုင်း ၅၃-၅၄ ကီလိုမီတာကြားရှိ ထိန်ညိုတောင် ရှုခင်းသာအား လမ်းသားနိမ့် ချ၍ ၂၄ ပေအကျယ်ချဲ့ကာ ကွန်ကရစ်လမ်းခင်းကျင်းမည့်နေရာ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တှီး-ဆင်သေ-လဟယ် လမ်းပိုင်း ၆၀-၆၉ ကီလိုမီတာကြားရှိ အလျား - ၃၀ ပေ၊ အနံ - ၅ ပေ၊ Box Culvert တည်ဆောက်နေမှု၊ ၇၉-၈၀ ကြားရှိ မြေတောင်လမ်းချဲ့ခြင်းနှင့် အလျား - ၃၀ ပေ၊ အနံ - ၅ ပေ၊ Box Culvert တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက် သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)