ကျောက်တံခါး ဒီဇင်ဘာ ၃၀
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက် များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ ည(၇)နာရီက မြို့နယ် အတွင်း လှည့်လည် ကြေငြာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကြေညာရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ မီသတ်ဆေးဘူးစသည့် မီးဘေး ကာကွယ်ရေး ပစ္စည်းများ ထားရှိကြရန်၊ မီးဖိုအနီးတွင် မီးလောင် လွယ်သည့် ပစ္စည်းများနှင့် လောင်စာဆီများ မထားရန်၊ ချို့ယွင်းပျက်စီးနေ သော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုရန်၊ အရေးပေါ်လှေကားများကို အသင့်အသုံးပြုနိုင်ရေး ပြင်ဆင်ထားရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်နံပါတ် (၀၅၄-၂၈၆၀၀၂၈) သို့ ချက်ချင်းဆက်သွယ်ကြရန် စသည့် အချက်များအား မြို့နယ်မီးသတ် ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း လှည်လည်ကြေညာပေးခဲ့ကြသည်။
အဆိုပါမီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ ကြေငြာခြင်းကို တစ်ပတ်လျှင် (၂) ကြိမ် လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)