ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တည်ဆောက်ရေး လုပ်ငန်းများကို ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစောသိန်းဦး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်တို့မှ ဆင်ပေါင်ဝဲမြို့ပေါ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်ငွေ (၁၀) သန်းအောက် တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၃)လမ်းနှင့် သီရိမင်္ဂလာလမ်းဆုံ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) လမ်းနှင့် အိုဘိုလမ်းဆုံကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ အမှတ်(၃)လမ်း နှင့် ရန်ကြီးအောင်လမ်းဆုံ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ ရွှေပြောင်ပြောင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၆)လမ်းနှင့် သမစိတ္တလမ်းကွန်ကရစ် တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဒက္ခိဏလမ်းကျောက်ချောခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကွင်းဆေးစစ်ဆေးရာ မြို့နယ်စည်ပင် အင်ဂျင်နီယာ ဦးအောင်ကျော်မင်း က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အိဖြူဖြူမောင် (ပြန်/ဆက်)