ရေတာရှည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်တွင် အ.ထ.က ရေတာရှည်ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးတို့က ကြည့်ရှုအားပေးခဲ့ပြီး အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်ကျောင်းများမှ (Grade-9) တန်းမှ (Grade-12) တန်းအထိ ကျောင်းသား/သူ (၄၄) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ဒီဇင်ဘာ (၄) ရက်တွင် လူတွေ့ဖြေဆိုခြင်းနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ကြောင်း၊ (၅) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားနည်း (၅) မျိုးကို လက်တွေ့ပြုလုပ် ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက