စစ်ကိုင်း ဒီဇင်ဘာ ၃၀
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၃) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈) နာရီခွဲက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်မျိုးကျော်နှင့်ဝန်ထမ်းများက စစ်ကိုင်းမြို့ မြို့မဈေး အတွင်းနှင့်အပြင်၊ ရွာထောင်ရပ်ကွက်နှင့် မီးရထားဈေး၊ ဧရာဝတီတံတား(ရတနာပုံ) မြို့အဝင် စစ်ဆေးရေးဂိတ်၊ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေး အသင်းရှေ့လမ်းမကြီး တစ်လျှောက် နှင့်ပန်းဘဲတန်းလမ်းတစ်လျှောက်တို့ရှိ ဈေးသည်နှင့်ဈေးဝယ်များ အခြားသွားလာ နေသည့် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)