ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲစာရင်းမကျန်ရှိစေရေး မဲစာရင်းမြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့နက်ပိုင်းမှစ၍ သတ်မှတ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်(၂၂)ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင် ပါဝင်မှုမရှိသေးသူများအား ပုံစံ(၃)ဖြင့် လျှောက်ထားဆောင်ရွက်ခြင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ရပ်ကွက်အလိုက် တာဝန်ပေးအပ်ထားရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်အဖွဲ့ (၇)ဖွဲ့ဖြင့် ဦးဆောင်၍ Door to Door တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ငြိမ်း (ပြန်/ဆက်)