ထန်းတပင်မြို့ လမုတန်းလေးကျေးရွာရှိ လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်မြတ် အား ဆီမီးသုံးထောင်ထွန်းညှိပူဇော်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ထန်းတပင်မြို့နယ်၊လမုတန်းလေးကျေးရွာ၊ ကျွန်းငူကမ်းနားတွင် တည်ထားကိုယ်ကွယ်ထားရှိသည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်မြတ်အား ဆီမီးသုံးထောင် ထွန်းညှိပူဇော်ခြင်းကို နတ်တော်လပြည့်နေ့ဖြစ်သည့် ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းက ဆီမီးများကို ထွန်းညှိပူဇော်ခဲ့ကြကြောင်း စေတီတော်မြတ်အား ဆီမီးထွန်းညှိ ပူဇော်ခဲ့သူ ဦးမင်းလွင် ထံမှသိရသည်။

လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်မြတ်အား ဆီမီးများပူဇော်ရာတွင်လည်း ဆီမီး သုံးထောင်ကို ဆီမီးပူဇော်သူများက ဆီမီးတစ်ထောင်စီကို အလှည့်ကျ သုံးကြိမ်ဖြင့် ပူဇော်ခဲ့ကြပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် စေတီတော်မြတ်ရင်ပြင် ပြန်လည် ပြင်ဆင် မွမ်းမံခြင်း နှင့် အုတ်တံတိုင်းပရဝဏ် ပြန်လည်ကာရန်ခြင်းလုပ်ငန်းများ ပြီးစီးသွားသည့် အထိမ်းအမှတ်အနေဖြင့် ဆီမီးသုံးထောင်ကို ထွန်းညှိပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)