မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃၀

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ရှိပါက ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင် သော်လည်း စနစ်တကျတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်ဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းထိန်း သိမ်းရေး အဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည် ဦးဆောင်သော ဌာနဆိုင်ရာ  ပူးပေါင်းအဖွဲ့မှ ဈေးသွား၊ ဈေးလာနှင့် ဈေးရောင်းချသူများသည့် (ခ)ရပ်ကွက်ဈေးတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများကို ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆာင်စေ ပြီး Mask တစ်ခုပြန်လည်ပေးခြင်း၊ Mask ကို အပြင်ထွက်တိုင်း မပျက်မကွက်တပ်ဆင်ရန်နှင့် မေးစေ့ အောက်တွင် ချိတ်မထားရန် ပညာပေးပြောကြားခြင်း၊ Face Shield တစ်ခုတည်း မတပ်ဆင် ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန် ပြောကြားခဲ့ပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)