ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၂၁၂၄၇ ဧကပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၄၈၁၃၂၈ ထွက်ရှိ

ကန့်ဘလူ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၅၀၉၈၆ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါး ၂၁၂၄၇ ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၄၈၁၃၂၈ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတု ရေမြေဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်းမျိုးများ၊ အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက ဒေသခံတောင်သူလယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါးများကို ယခုနှစ် ဇူလိုင်လကစတင်စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလကုန်၌ မိုးစပါး ၁၅၀၉၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ မိုးစပါး ၂၁၂၄၇ ဧက ပြန်လည်ရိတ်သိမ်းပြီးစီး၍ တစ်ဧကပျမ်းမျှ တင်း ၇၀ ခန့်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ထံမှသိရသည်။

ဒေသခံတောင်သူများသည် မိုးစပါးမျိုးများဖြစ်သည့် ဧရာမင်း၊ ပေါ်ဆန်းရင်၊ ရွှေသွယ်ရင် ၊မနောသုခ၊ ဆင်းသုခနှင့်အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)