မကွေး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများကော်မတီမှ တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အစည့်အဝေး(၃/၂၀၂၀)ကို ယမန်နေ့ နေ့လယ် ၃ နာရီက မကွေးမြို့ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ခရိုင်/မြို့နယ် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ မိမိမြို့နယ်များအလိုက် ပုံမှန်အစည်းအဝေးများ ပြုလုပ်၍ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာကို တွေ့ရကြောင်း၊ ကလေး သူငယ်အခွင့် အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ INGOs, NGOs များနှင့် လူမှုရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျင် အောင်မြင်သော ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ကလေး သူငယ်များအားလုံး လက်ရှိကလေးသူငယ်ဥပဒေပါ အခွင့်အရေး(၄)ရပ်ကို တန်းတူညီမျှစွာရရှိရေး၊ ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့်လွဲမှားစွာ ပြုကျင့်နေမှုများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုများ ပပျောက်နိုင်ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း အစီအစဉ်များအား ရပ်ကွက်/ကျေးရွာများနှင့် အခြေခံကျောင်းများအထိ ဆောင်ရွက်နိုင်ရေးနှင့် ကလေးသူငယ်များအား အလွဲသုံးမှုဖြစ်ရပ်များအပေါ် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေး ညှိနှိုင်းပေးရန် ပြောကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်း ရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ် ဟန်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများ အား တင်ပြဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊အဖွဲ့အစည်းများမှ မိမိတို့ဆောင်ရွက် နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးကာ ပေါင်းစပ်ညှိနှိိုင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ INGOs, NGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့အတူ မကွေးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မကွေးခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးနိုင် တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများ မှ မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)