မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပေါက်  ဒီဇင်ဘာ  ၃၀

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူနှင့် တာဝန်ရှိသူများက ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ​​ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ အချိန်ခန့်က ပေါက်မြို့နယ် တပ်ကုန်းကျေးရွာ အုပ်စု ရွာသစ် ကျေးရွာနေ ဦးအေးလွင်နေအိမ် ၌ TV ဖွင့်ကြည့်နေစဉ် လျှပ်စစ်ဝါယာကြိုး ​ရှော့ဖြစ်ပြီး အနီးရှိ နေအိမ်ထရံသို့ မီးကူးစက်ကာ လူနေအိမ်(၁)လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရာ မီးဘေးသင့်နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ မီးဘေးသင့်ဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် တစ်သိန်း၊ ဆန်ရိက္ခါဖိုး ၁၀၅၀၀ ကျပ်နှင့် ကယ် ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ ပလပ်စတစ်ပုံး (၁)ပုံးတို့ကို ပေါက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ဦးစီးမှူး ဒေါ်စန္ဒီစိုး ထက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးသင့် ပြည်သူတို့၏ လက်ဝယ် အရောက် ထောက်ပံ့ပေး အပ်ခဲ့ပြီး မီးဘေးသင့် ပြည်သူများအား အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)