ညောင်လေးပင် ဒီဇင်ဘာ ၃၀
ညောင်လေးပင်မြို့နယ်မှ ၁၃၉ ဦး၏ ဓါတ်ခွဲနမူနာများအား ဆေးသုတေသန(ရန်ကုန်)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ၄ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာအဖြစ် တွေ့ရှိရကြောင်း ယမန့်နေ့ ညက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ တိုင်းရင်းဆေးရုံမှ Home Quarantine ထားရှိသော အမျိုးသား တစ်ဦး၊ လူမူဖူလုံရေးရုံးမှ Home Quarantine ထားရှိသော အမျိုးသမီးတစ်ဦး၊ သီတဂူမျက်စိဆေးရုံမှ Facilities Quarantine ထားရှိသော အမျိုးသမီးတစ်ဦးနှင့်အထက၊ ပုဇွန်မြောင်းမှ Facilities Quarantine ထားရှိသော အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိ အမျိုးသားတစ်ဦးအား ညောင်လေးပင်ဆေးရုံတွင်လည်းကောင်း၊ အမျိုးသမီး သုံးဦးအား တိုင်းရင်းဆေးရုံနှင့် ပြွန်တန်ဆာ တိုက်နယ်ဆေးရုံတို့တွင်လည်းကောင်း ကျန်းမာရေး စောင့်ရှောက်ကုသမှုပေးထားသည်။ ပိုးတွေ့ရှိသူများနှင့် ထိတွေ့သူများကို NLP Volunteer အဖွဲ့နှင့် ရွှေဇာမြေ လူမှုကူညီရေးအသင်းတို့မှ စနစ်တကျ ပို့ဆောင်ကူညီပေးလျက်ရှိပြီး ညောင်လေးပင်မြို့နယ် မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)