ကော့ကရိတ် ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း မြပတိုင်ကျေးရွာအုပ်စု နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီဝင်များ ဦးဆောင်၍ ယနေ့ နံနက် ၈နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပ ခဲ့ပါသည်။
အခမ်းအနားတွင် မြပတိုင်ကျေးရွာကျောင်းထိုင်ဆရာတော် ဥူးကဝိဓဇ္ဇ မှ အဆိုပါလမ်းအတွက် ပရိတ်ရွက် တရားနာရေစက်ချပြီးနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ဖူးနောင်နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ် (၁၃၂) သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်း အတာ အားဖြင့် အရှည် ၈၅၅ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဒေါ်စုစုဇော် ၊ လူထုစည်းရုံးရေးမှူး ဒေါ်နန်းအေးအေးမော် တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှု များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် နန်းအီခက်ကျေးရွာမှ အိမ်ထောင်စု(၅၅)စု လူဦးရေ (၄၂၅)ဦး တို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာပြီဖြစ်ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်မျိုးဝင်း