ကံမ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မုန်းဒါးကျေးရွာအုပ်စု၊ မုန်းဒါးလေးကျေးရွာ၌ မြေအောက်ရေ တူးဖော်ရန်ခက်ခဲပြီး ရေရှားပါးသည့်အတွက် မြေသား မိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်ခဲ့မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန်မှာ အလျား ၁၂၀ ပေ၊ အနံ ၁၀၀ ပေနှင့် အနက် ၆ ပေ ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မူလ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ သိန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Galaxy Khaing Mar ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မုန်းဒါးလေးကျေးရွာမှ အိမ်ခြေ ၂၃ အိမ်၊ လူဦးရေ (၁၀၉) ဦးတို့နှင့်ကျွဲနွား တိရိစာ္ဆန်များအား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ သည်။
ကျော်ဇေယျဝင်း(ကံမ)