ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ     ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၏ ဦးဆောင်မှုဖြင့် တိုင်း / ခရိုင် နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ ဈေးတာဝန်ခံနှင့်အမှတ်(၉၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပိတောက်လမ်းနှင့်ယုဇနမြို့တော်ဈေး၌ စျေးရောင်းချနေသူများနှင့် စျေးလာရောက် ဝယ်ယူကြသူ များအား နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြသည်။

 ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုအခြေပြု စနစ် ဗျူဟာများ ချမှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီက အသိပညာပေး ဗွီနှိုင်းများအား လူစည်ကားရာနေရာ၊ ကားမှတ်တိုင်၊ ဈေး၊လ္ဘက်ရည်ဆိုင်တို့တွင် ကပ်ထားပြီး နေ့စဉ်မပြတ် Hand Speaker ဖြင့် အသိပေး နှိုးဆော်ကြောင်း သတင်းရရှိပါသည်။

နန်းရွှေကြည်(ပြန်/ဆက်)