မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဘားအံခရိုင် စိုက်ပျိုးရေးဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ ဩဂုတ် ၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများ တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့က ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေ က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးစေထုတ်စပါးများ စိုက်ပျိုးထားရှိသည့် သမ္ဘာန်ကျေးရွာ၊ ဒိုင်းပြကျေးရွာ၊ ကော့လှိုင်း ကျေးရွာ နှင့် ဝင်းစိန်ကျေးရွာများရှိ ဆင်းသုခ စပါးနှင့် ဧရာမင်း မျိုးစေ့ထုတ်စိုက်ခင်းများတွင် Covid – 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ် ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုပြီး တောင်သူများအား လိုအပ်ချက်များရှိပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပြီး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)