ဇီးကုန်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တင်ဒါရ လုပ်ငန်းများ ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန အစည်းအဝေးခန်မတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အမှာစကား ပြောကြားရာတွင် တင်ဒါရကုမ္ပဏီအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ရင်း စေတနာအမှန်ဖြင့် ဒေသဖွံ့ဖြိုးရေးကို ရှေးရှု၍ လုပ်ဆောင်စေကြောင်း၊ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မှီပြီးစီး အောင် ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အများပြည်သူ သိရှိနိုင်စေရန် ပွင့်လင်း မြင်သာစွာ လုပ်ဆောင်စေလိုကြောင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကျေးရွာကော်မတီနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်းတို့ကို ပြောကြားခဲ့ သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် မြောက်လွှတ်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆၉၆၉ ပေ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြေနီ ကျောက်စရစ်လမ်းအား ရန်ပုံငွေ (၅၂.၉၂၈၂)သန်းဖြင့် လည်းကောင်း၊ ကျေးရွာ(၈)ရွာ တွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ရန်ပုံငွေ (၇၇.၉၃၂)သန်းဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
တင့်ဆွေ(ပြန်/ဆက်)