ကလေး ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တွင်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ကပ်ရောဂါကူး အတည်ပြုလူနာ(၄)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သဖြင့် ဒီဇင်ဘာလ ၂၉ရက်နေ့ကဆေးရုံမှဆင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့ ပင်လုံရပ်ကွက်နေ အမျိုးသားတစ်ဦး၊ ထောက်ကြံ့ ကျေးရွာနေ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက်လိုက် နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ တိကျလိုက်နာစေရန်မှာကြားခဲ့ကြကာ အိမ်တိုင်ရာရောက်လိုက်လံ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ ၃၅ဦး ကျန်ရှိနေပြီး အဆိုပါအတည်ပြုလူနာများကို ကလေးမြို့ခုတင်-၃၀၀ဆံ့ဆေးရုံအထူးကြတ်မတ်ကုဆောင်နှင့် ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တို့တွင်ဆေးကုသမှုဆက်လက်ခံယူစေလျက်ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)