ဂန့်ဂေါမြို့ မြောက်ကုန်း(ရေဘုတ်) မုဒိတာလမ်းတွင် ကျောက်ချောလမ်းခင်း

ဂန့်ဂေါ ဒီဇင်ဘာ ၃၀

ဂန့်ဂေါမြို့ မြောက်ကုန်း(ရေဘုတ်)  ရပ်ကွက် မုဒိတာလမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ကျောက်ချောလမ်းခင်းလျက်ရှိပြီး စံချိန်စံညွှန်းမီလမ်းဖြစ်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည်။

အဆိုပါ လမ်းကို အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၉၅၀၀၀၀၀ ဖြင့် အလျား ၉၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းပြီးစီးပါက ရာသီမရွေး ဆက်သွယ်သွားလာမှု လွယ်ကူသွားမည်ဖြစ်ကြောင်း သိရသည်။  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဉီး၊ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်တို့ သည် အဆိုပါ လမ်း ကျောက်ချောခင်းခြင်းကို ယနေ့နံနက်တွင် ကွင်းဆင်းကြည့်ရှုရာ လုပ်ငန်းတာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ - ၂ ဒေါ်အိမြတ်ဖြူစင် က ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့ပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအနက် မီးသတ် စက်များထားရှိမှု ၊ ရေပိုက်များအဆင့်ဆင့်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလို အပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

တောင်သားမောင်သန်း